Burmese
Burmese
State Emergency Service (ပြည်နယ်အရေးပေါ်ဝန်ဆောင်မှုအဖွဲ့(SES)) သည် ရေကြီးခြင်း သို့မဟုတ် မုန်တိုင်းတိုက်ခတ်ခြင်း အရေးပေါ်အခြေအနေတစ်ခုတွင် သင့်အား ကူညီပေးနိုင်သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဤဝန်ဆောင်မှုအတွက် သင်အခကြေးငွေပေးရန် မလိုပါ။
ရေကြီးခြင်း သို့မဟုတ် မုန်တိုင်းများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ပါက သင့်ဖုန်းမှ 132 500 ကို ခေါ်ဆိုလိုက်လျှင် SES မှ စေတနာ့ဝန်ထမ်းများ သင့်အိမ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ သင့်အနေဖြင့် ဘာသာပြန်တစ်ဦးကိုလည်း တောင်းဆိုနိုင်ပါသည်။ SES စေတနာ့ဝန်ထမ်းများသည် လိမ္မော်ရောင် ယူနီဖောင်း အမြဲဝတ်ဆင်ပါသည်။ ၎င်းတို့သည် ရေကြီးခြင်းနှင့် မုန်တိုင်းတိုက်ခြင်း အရေးပေါ်အခြေအနေများအား တုံ့ပြန်ဖြေရှင်းရာ၌ အတွေ့အကြုံရှိကြပါသည်။
ရေကြီးခြင်းနှင့် မုန်တိုင်းအန္တရာယ်များအတွက် သင့်မိသားစုနှင့် သင့်အိမ်ကို သင်မည်သို့ ပြင်ဆင်နိုင်ပုံနှင့်ပတ်သက်၍ နောက်ထပ် အချက်အလက်များကို အောက်တွင်ကြည့်ရှုပါ။
ဤအချက်အလက်များကို သင် နားမလည်ပါက မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် အိမ်နီးချင်းတစ်ဦးကို အကူအညီတောင်းပါ။